Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

လျှပ်စစ်လွှဖြင့် မိမိ၏လက်ကို ကိုယ်တိုင်ဖြတ်သည့် အမေရိကန်နိုင်ငံသား

alt

အမေရိကန်နိုင်ငံတွင် လူတစ်ဦးသည် လျှပ်စစ်လွှဖြင့် မိမိ၏ လက်ကို ကိုယ်တိုင် ဖြတ်ပစ်ခဲ့ကြောင်း သိရသည်။ အသက် ၃၄ နှစ်ရှိပြီး ဖီလာဒဲဖီးယားတွင် နေထိုင်သော အဆိုပါ ပုဂ္ဂိုလ်သည် လက်ကို တံတောင်ဆစ် အောက်ဘက်မှ ဖြတ်ပစ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယင်းခန္ဓာကိုယ် အစိတ်အပိုင်းကို ၎င်း၏ အိမ်ထဲတွင် ဝှက်ထားခဲ့သေးသည်။ ပြီးခဲ့သည့် သီတင်းပတ်က သွေးသံရဲရဲ အနိဋ္ဌာရုံ ဖြစ်စဥ်ကြောင့် ၎င်းအား အဲဘတ်အိုင်းစတိုင်း ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ရပြီး နောက်ဆက်တွဲ အခြေအနေကို ရဲများက မကြေညာသေးချေ။ ရဲတပ်ဖွဲ့သည် ထိုသူ၏ မိမိလက်ကို ကိုယ်တိုင်ဖြတ်တောက်ရခြင်း၏ အကြောင်းရင်းကို စုံစမ်းနေဆဲဟု CBSက ဖော်ပြခဲ့သည်။ ဆေးပညာရှင် အချို့ကမူ ထိုသူသည် မိမိတွင် ခြေလက်လေးချောင်း အစုံအလင် ရှိနေခြင်းက မပြည့်စုံဟု ထင်မြင်နေတတ်သည့် ရှားပါးသော စိတ်ရောဂါတစ်မျိုး စွဲကပ်နေခြင်းဟု ခန့်မှန်းခဲ့ကြသည်။

အဆိုပါ စိတ်အခြေအနေတွင် လူတစ်ဦးသည် ကျန်းမာကြံ့ခိုင်သော ခြေလက်များက ၎င်းအား ဒုက္ခပေးနေသည်ဟု ခံစားရကာ ဖြတ်တောက်ပစ်တတ်လေ့ရှိကြောင်း သိရှိရသည်။

လျှပ်စစ်လွှဖြင့် မိမိ၏လက်ကို ကိုယ်တိုင်ဖြတ်သည့် အမေရိကန်နိုင်ငံသား Reviewed by Aung Maw on 5:20 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.