Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

စင်္ကာပူတွင် အ​​မေရိကန်ဖက်ရှင်ကုမ္ပဏီ၏ ​​ကြော်ငြာဘုတ်များ​​ ခွင့်​​ပြုထား​​မှုရပ်ဆိုင်း​​

alt

စင်္ကာပူ နိုင်ငံက အ​​မေရိကန် ဖက်ရှင် ကုမ္ပဏီ A&F၏ ​​ကြော်ငြာဘုတ်များ​​ကို ခွင့်​​ပြုထား​​မှု ရပ်ဆိုင်း​​လိုက်​​ကြောင်း​​ သိရှိရသည်။ အ​​ပေါ်ပိုင်း​​ ဗလာကျင်း​​ထား​​သည့်​​ အမျိုး​​သား​​ တစ်ဦး​​၏ လိင်ပိုင်း​​ဆိုင်ရာ နှိုး​​ဆွ​​သော ပုံရိပ်ကို ​​ဖော်ပြထား​​သည့်​​ အဆိုပါ ​​ကြော်ငြာများ​​သည် နိုင်ငံ၏ ​​ကြော်ငြာစည်း​​မျဉ်း​​တွင် ထည့်​​သွင်း​​ထား​​သည့်​​ ယဉ်​​ကျေး​​မှုကို ထိခိုက်​​စေသည်ဆို​​သော အချက်နှင့်​​ မလွတ်ကင်း​​​ကြောင်း​​ တာဝန်ရှိသူများ​​ကဆိုသည်။

အဆိုပါ စည်း​​မျဉ်း​​များ​​ကို သတ်မှတ် ပြဋ္ဌာန်း​​ခဲ့​​သည့်​​ စင်္ကာပူ ​​ကြော်ငြာဆိုင်ရာ စံနှုန်း​​သတ်မှတ်​​ရေး​​ အာဏာပိုင်အဖွဲ့​​ (ASAS) က အဆိုပါ ​​ကြော်ငြာဘုတ်များ​​ကို ဖယ်ရှား​​ရန် ​​တောင်း​​ဆိုခဲ့​​သည်။ သို့​​​သော်လည်း​​ ASAS အ​​နေနှင့်​​ ယင်း​​တား​​မြစ်ပိတ်ပင်မှုကို အတိအကျ အ​​ကောင်အထည်​​ဖော်ရန် ဥပ​​ဒေအရ အခွင့်​​အာဏာ အပြည့်​​မရှိဟုလည်း​​ သတင်း​​များ​​ကဆိုသည်။ ယင်း​​ပုံသည် ​​တောင့်​​တင့်​​တင်း​​တင်း​​ အမျိုး​​သား​​ ​​မော်ဒယ်လ်တစ်ဦး​​က ခါး​​​အောက်ပိုင်း​​တွင် အလွန်နှိမ့်​​ထား​​သည့်​​ ​​ဘောင်း​​ဘီကို ဝတ်လျက်သား​​ ဓာတ်ပုံရိုက်ထား​​ခြင်း​​ဖြစ်သည်။

လက်ရှိအချိန်ထိ ​​အော့​​ကက်လမ်း​​ရှိ နိုက်ဘရစ်ဂျ် ​​ဈေး​​ဝယ်စင်တာကြီး​​အနီး​​တွင် ​​လေး​​​ရောင်ခြယ် အဆိုပါ ​​ကြော်ငြာဘုတ်ကြီး​​ ရှိ​​နေဆဲဟုလည်း​​ မျက်မြင်များ​​ကဆိုသည်။ ​​ဒေသခံ အချို့​​တို့​​က Straight Time သတင်း​​စာ၏ Forum ကဏ္ဍတွင် ပြီး​​ခဲ့​​သည့်​​ လကတည်း​​က ယင်း​​သို့​​​သော ​​ကြော်ငြာဘုတ်များ​​ကို ပိတ်ပင်သင့်​​​ကြောင်း​​ ဆန္ဒပြု ​​ရေး​​သား​​ခဲ့​​ကြသည်။

စင်္ကာပူတွင် အ​​မေရိကန်ဖက်ရှင်ကုမ္ပဏီ၏ ​​ကြော်ငြာဘုတ်များ​​ ခွင့်​​ပြုထား​​မှုရပ်ဆိုင်း​​ Reviewed by Aung Maw on 5:23 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.