Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

မိန်း​က​လေး​တို့​၏ လိင်အမူအကျင့်​မှာ ဖခင်၏လွှမ်း​မိုး​မှုနှင့်​ ဆက်စပ်​နေ

alt

မိန်း​က​လေး​များ​၏ လိင်နှင့်​ပတ်သက်​သော အမူအကျင့်​များ​သည် ဖခင်ဖြစ်သူ၏ လွှမ်း​မိုး​မှုများ​နှင့်​ ဆက်စပ်​နေ​ကြောင်း​ သု​တေသီများ​က ​ပြောကြား​လိုက်သည်။

​လေ့​လာမှု အသစ်တစ်ခုက မိန်း​က​လေး​များ​ အရွယ်​ရောက်လာချိန် လိင်နှင့်​ပတ်သက်​သော အ​တွေး​အ​ခေါ်၊​ အပြုအမူများ​သည် ဖခင်၏ အုပ်ထိန်း​မှု စွမ်း​ရည်​ပေါ်တွင် များ​စွာ သက်​ရောက်​နေ​ကြောင်း​ အ​မေရိကန်နိုင်ငံ အရီဇိုး​နာ ​နော်တန် မိသား​စု​ရေး​ရာ သင်တန်း​ကျောင်း​မှ ဘရု​ဂျေ အဲလစ်က ​ပြောကြား​ခဲ့​သည်။ ဖခင်ဖြစ်သူ၏ အုပ်ထိန်း​မှု ပုံမကျခြင်း​ကြောင့်​ ကွန်ဒုံး​မပါဘဲ လိင်ဆက်ဆံခြင်း​၊​ အရက်​သောက်၍ လိင်ဆက်ဆံခြင်း​၊​ လိင်ဆက်ဆံဖက် အများ​အပြား​ ထား​ရှိခြင်း​၊​ အသက် ၁၉ နှစ် မပြည့်​မီ ကိုယ်ဝန်ရှိလာခြင်း​တို့​ကြား​ သိသာ​သော ဆက်စပ်မှုများ​ ရှိ​နေ​ကြောင်း​ အဲလစ်ကဆိုသည်။

ဖခင်ဖြစ်သူ၏ ​ကောင်း​မွန် စနစ်ကျ​သော အုပ်ထိန်း​မှုနှင့်​ ကင်း​ဝေး​နေ​သော မိန်း​က​လေး​ တစ်ဦး​၏ လိင်မှုဆိုင်ရာ ဓ​လေ့​စရိုက်များ​သည် အန္တရာယ် ကြီး​မား​နေ​ကြောင်း​လည်း​ ယင်း​က ​ပြောဆိုသွား​သည်။

အဲလစ်က ဖခင်များ​သည် မိန်း​က​လေး​များ​ အရွယ်​ရောက်လာချိန် လိင်မှုဆိုင်ရာ အတတ်ဆန်း​မှုများ​အတွက် ​သေသပ်ကျနစွာ ကိုင်တွယ်အကြံပြု​ပေး​နိုင်ရန် အဓိက လိုအပ်​သော မိသား​စု ရင်း​မြစ်များ​ဟုလည်း​ ​ဆွေး​နွေး​ပြောဆိုသွား​ခဲ့​သည်။

မိန်း​က​လေး​တို့​၏ လိင်အမူအကျင့်​မှာ ဖခင်၏လွှမ်း​မိုး​မှုနှင့်​ ဆက်စပ်​နေ Reviewed by Aung Maw on 4:54 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.