Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

အဝတ်အစား​များ​ချွတ်ပြပြီး​ မဲဆွယ်သည့်​ ပိုလန်အမျိုး​သမီး​ လွှတ်​တော်အမတ်

alt

နိုင်ငံ​ရေး​တွင် မဲဆွယ်မှု အမျိုး​မျိုး​ ရှိနိုင်ပြီး​ စိတ်ဝင်စား​စရာ နည်း​လမ်း​မျိုး​စုံကို အသုံး​ပြု​လေ့​ ရှိသည်မှာ အဆန်း​တကျယ် မဟုတ်​ချေ။ သို့​​သော်လည်း​ ပိုလန်နိုင်ငံမှ အမျိုး​သမီး​ လွှတ်​တော်အမတ် ကိုယ်စား​လှယ်​လောင်း​ တစ်ဦး​၏ မဲဆွယ်ပုံက မျက်လုံး​ပြူး​​လောက်စရာ ဖြစ်​နေ​လေသည်။

အသက် ၂၃ နှစ်ရှိ ကက်တာဇီနာ လီနက်သည် သူမ၏ မဲဆန္ဒရှင် အမျိုး​သား​များ​ အကြိုက်​တွေ့​မည့်​ မဲဆွယ်မှု တစ်ခုကို ပြုလုပ်လိုက်​လေသည်။ လီနက်သည် မဲဆွယ်သည့်​ DVD အတွင်း​ အဝတ်အစား​များ​ကို ချွတ်ပြခဲ့​သည်။ ယင်း​သည် မဲဆန္ဒရှင်များ​ကို ဆွဲ​ဆောင်နိုင်မည့်​ အ​ကောင်း​ဆုံး​ နည်း​လမ်း​ ဟုတ်မဟုတ် မ​သေချာ​သော်လည်း​ လီနက်က အလုပ်ဖြစ်မည်ဟု ယုံကြည်​နေသည်။ “ကျွန်မရဲ့​ ပစ်မှတ်က လူငယ်ပိုင်း​ကိုပါ။ လူငယ်​တွေ စိတ်ဝင်စား​မယ့်​ အ​တွေး​အ​ခေါ်မျိုး​ကို ကျွန်မ လုပ်ခဲ့​တာပါ”ဟု လီနက်ကဆိုသည်။

သူမသည် ဗီဒီယိုအတွင်း​ ပန်း​​ရောင် ဘရာစီယာကို ချွတ်ပစ်လိုက်ပြီး​​နောက် အ​ပေါ်ပိုင်း​ ရင်သား​များ​ကို Censored ဆို​သော စကား​လုံး​များ​ဖြင့်​ ကာကွယ်ထား​​လေသည်။ ထို့​အပြင် သူမ၏ SLD ပါတီကို မဲ​ပေး​ရန်လည်း​ တိုက်တွန်း​စာကို ထည့်​သွင်း​ထား​​လေသည်။ SLD မှ ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိတစ်ဦး​က ထိုသို့​​သော မဲဆွယ်မှုမျိုး​သည် လက်ဝဲယိမ်း​ ပါတီများ​တွင် ရှိမည် မထင်​ကြောင်း​ မှတ်ချက်ပြုသွား​သည်။

အဝတ်အစား​များ​ချွတ်ပြပြီး​ မဲဆွယ်သည့်​ ပိုလန်အမျိုး​သမီး​ လွှတ်​တော်အမတ် Reviewed by Aung Maw on 5:25 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.