Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

Superman နှ့​င်ဆင်တူ​အောင် မျက်နှာခွဲစိတ်မှုခံယူသည့်​ ဖီလစ်ပိုင်နိုင်ငံသား​

alt

ဖိလစ်ပိုင် နိုင်ငံမှ အမျိုး​သား​ တစ်ဦး​သည် ၎င်း​၏ မျက်နှာကို ငယ်ဘဝကတည်း​က ရူး​သွပ်စွဲလန်း​ခဲ့​သည့်​ Supermanနှင့်​ ဆင်တူ​အောင် ခွဲစိတ်ကုသမှု ခံယူခဲ့​​ကြောင်း​ သိရှိရသည်။

အသက် ၃၅ နှစ်ရှိ ဟား​ဘတ် ချား​ဗက်သည် သိပ္ပံလူစွမ်း​​ကောင်း​ ဇာတ်​ကောင် Superman အား​ အလွန်နှစ်သက်သူဖြစ်ပြီး​ ၎င်း​၏ အခန်း​ထဲတွင် Superman နှင့်​ ပတ်သက်​သော အသုံး​အ​ဆောင် ပစ္စည်း​များ​စွာကို အမှတ်တရ စု​ဆောင်း​ထား​ခဲ့​သည်။ အလှမယ်ပြိုင်ပွဲများ​အတွက် ​လေ့​ကျင့်​​ရေး​မှူး​ တာဝန်ကို ယူထား​သည့်​ ချား​ဗက်သည် Superman နှင့်​ တူညီလို​သော ဆန္ဒ ဖြစ်​ပေါ်လာပြီး​​နောက် မျက်နှာနှင့်​ ခန္ဓာကိုယ်ကို ၆ နှစ်အချိန်ယူ ပြုပြင်ခဲ့​ခြင်း​ဖြစ်သည်။ ၎င်း​သည် ခန္ဓာကိုယ် အချိုး​အဆက်အတွက် ကြိုး​စား​ ​လေ့​ကျင့်​နိုင်ခဲ့​​သော်လည်း​ မျက်နှာအတွက်မူ ခွဲစိတ်မှုပါ ခံယူခဲ့​ရခြင်း​ဖြစ်သည်။ ချား​ဗက်သည် ၁၉၉၈ ခုနှစ်က ပထမဆုံး​အကြိမ် ခွဲစိတ်မှု ခံယူပြီး​​နောက် နှာ​ခေါင်း​၊ ​မေး​ရိုး​၊ နှုတ်ခမ်း​ စသည်တို့​ကို တစ်ဆင့်​ချင်း​ဆီ လုပ်​ဆောင်ခဲ့​ရသည်။

ထို့​အပြင် ​ပေါင်တံများ​ တုတ်ခိုင်ရန်လည်း​ ခွဲစိတ်မှု ခံယူခဲ့​ရ​သေး​သည်။ ၎င်း​က မိမိသည် ငယ်စဥ်ကတည်း​က အပြာနှင့်​ အနီ​ရောင်များ​ ခြယ်သထား​​သော သိပ္ပံလူစွမ်း​​ကောင်း​၏ အသွင်အပြင် ခန့်​ညား​မှုကို နှစ်သက် စွဲလန်း​မိ​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ၎င်း​၏ တစ်အိမ်လုံး​တွင်လည်း​ Superman ပုံ ပိုစတာများ​ အပြည့်​ကပ်ထား​​လေ့​ရှိ​ကြောင်း​ သိရှိရသည်။

Superman နှ့​င်ဆင်တူ​အောင် မျက်နှာခွဲစိတ်မှုခံယူသည့်​ ဖီလစ်ပိုင်နိုင်ငံသား​ Reviewed by Aung Maw on 5:27 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.