Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

နိုင်ငံကို ကျူး​ကျော်တိုက်ခိုက်မှုများ​အား​ ​သေသည်အထိ တုန့်​ပြန်သွား​မည်ဟု ဂဒါဖီ​ပြောကြား​

alt

လစ်ဗျား​အာဏာရှင် မူအမ်မာ ဂဒါဖီက ၎င်းသည် မိမိနိုင်ငံသို့​ ကျူး​ကျော်တိုက်ခိုက်လာမှုများ​ကို ​သေသည်အထိ တုန့်​ပြန်သွား​မည်ဖြစ်​ကြောင်း​ ​ကြေညာလိုက်သည်။ အစိုး​ရ ရုပ်မြင်သံကြား​ ဌာနများ​မှတဆင့်​ ဗိုလ်မှူး​ကြီး​ ဂဒါဖီက ၎င်းသည် လစ်ဗျား​တွင် ဆက်​နေပြီး​ NATOတပ်ဖွဲ့​အား​ တိုက်ပွဲဝင်သွား​မည်ဟု သံဓိဌာန် ချထား​ကြောင်း​ ​ပြောကြား​လိုက်သည်။ သူရဲ​ဘော​ကြောင်ပြီး​ ရှင်သန်မှုသည် ရဲဝံ့​စွာ ​သေရခြင်း​ထက် အဆ​ပေါင်း​ သန်း​နှင့်​ချီ မြင့်​မြတ်သဖြင့်​ မိမိသည် တိုက်ပွဲဝင်ရန် တွန့်​ဆုတ်​နေမည် မဟုတ်​ကြောင်း​လည်း​ ဂဒါဖီကဆိုသည်။ NATOတပ်ဖွဲ့​သည် လက်ရှိတွင် ဂဒါဖီ ခို​အောင်း​နေ​သော ထရီပိုလီမြို့​တော်ကို အပြင်း​ထန်ဆုံး​ ပစ်မှတ်ထား​ တိုက်ခိုက်လျက်ရှိသည်။ ဇွန်လ ၆ ရက်​နေ့​က ခပ်နိမ့်​နိမ့်​ ပျံသန်း​လာ​သော ဂျက်တိုက်​လေယာဉ် ၂၀ ခန့်​တို့​သည် ဂဒါဖီ၏ အိမ်​တော်နှင့်​ စစ်ဖက်ဆိုင်ရာ ပစ်မှတ်များ​ကို ဗုံး​ကြဲခဲ့​သည်။ လက်ရှိတွင် လစ်ဗျား​အ​ရေး​ ပဋိပက္ခများ​ကို အဆုံး​သတ်နိုင်ရန် ကြား​ဝင်နိုင်​ရေး​ စတင်လုပ်​ဆောင်​နေပြီဖြစ်သည်။ ဂဒါဖီက လစ်ဗျား​ပြည်သူများ​သည် မိမိတို့​၏ ရန်သူများ​ကို သုတ်သင်ရန် အသင့်​ရှိ​နေ​ကြောင်း​ ဂဒါဖီက ​ကြွေး​ကြော်​နေသည်။ ၎င်းက NATOတပ်ဖွဲ့​အား​ ရည်ရွယ်ပြီး​ လက်နက်ကိုင် အနိုင်ကျင့်​နေမှုဖြင့်​ လစ်ဗျား​၏ စစ်မှန်​သော လွတ်လပ်​ရေး​ကို ထိပါး​နိုင်မည် မဟုတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ NATOတပ်ဖွဲ့​များ​တွင် အ​မေရိကန်၊​ ဗြိတိန်နှင့်​ ပြင်သစ်တို့​က အဓိက ဦး​ဆောင်​နေပြီး​ ဂဒါဖီ၏ အိမ်​တော်ကို ဗုံး​ကြဲရာတွင် ဘန်ကာဖျက် ဒုံး​များ​ကိုပါ အသုံး​ပြုလျက်ရှိ​ကြောင်း​ သိရသည်။

နိုင်ငံကို ကျူး​ကျော်တိုက်ခိုက်မှုများ​အား​ ​သေသည်အထိ တုန့်​ပြန်သွား​မည်ဟု ဂဒါဖီ​ပြောကြား​ Reviewed by Aung Maw on 7:32 PM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.