Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

ကမ္ဘာ့ အသက်အငယ်ဆုံး အိန္ဒိယမှ မုဒိမ်းသမား

အိန္ဒိယ နိုင်ငံတွင် အသက် (၉)နှစ် အရွယ် ယောက်ျားလေး တဦးအား မုဒိမ်းမှုဖြင့် စွဲချက် တင်လိုက်ကြောင်း သိရှိရသည်။ အိနိ္ဒယ အခြေစိုက် Times သတင်းဌာနက ဖော်ပြ ခဲ့ရာတွင် ထို ကလေးငယ်သည် အသက် (၆)နှစ်သာ ရှိသေးသည့် သူငယ်ချင်း မိန်းကလေးကို မုဒိမ်းကျင့် ခဲ့ကြောင်း ရေးသား ပါရှိသည်။ Times က လုံခြုံရေး အကြောင်းပြချက်ဖြင့် ယောက်ျားလေး၏ အမည်ကို ထည့်သွင်း ဖော်ပြခြင်း မပြုခဲ့သော်လည်း ထိုကလေးသည် အိန္ဒိယနိုင်ငံ လူမှုရေး သမိုင်းတလျှောက် အသက် အငယ်ဆုံး မုဒိမ်းမှုဖြင့် စွဲချက် တင်ခံရသူ ဖြစ်လာခဲ့ကြောင်း ရေးသား ဖော်ပြခဲ့သည်။ ဟမ်ချာ ပရာဒေး တရားရုံးက ထို ကလေးငယ်အား တညမျှ ထိန်းသိမ်းထားပြီး အာမခံဖြင့် ပြန်လွှတ်ထားကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် မုဒိမ်းမှုဖြင့် စွဲချက် တင်ခံရမည့် အခြေအနေမှမူ ပြေးမလွတ်နိုင်ဟု သိရသည်။ ဩဂုတ်လ (၁၆)ရက်နေ့က ကလေးနှစ်ဦး မိန်းကလေး၏အိမ်တွင် အတူဆော့ကစားရင်း မိန်းကလေး၏ မိဘများ မရှိချိန်တွင် စွဲချက်တင်ခံရသည့် ယောက်ျားလေးက ယခုလို ပြုကျင့်ခဲ့ခြင်းဟု သိရသည်။ မှုခင်းဆေးပညာ ဌာနကလည်း ဆေးစစ်မှုများတွင် မုဒိမ်းမှု ဖြစ်ပွားခဲ့ကြောင်း ညွှန်ပြနေသည်ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။
ကမ္ဘာ့ အသက်အငယ်ဆုံး အိန္ဒိယမှ မုဒိမ်းသမား Reviewed by Aung Maw on 9:06 PM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.