Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

ဖြစ်ပျက်နေသော ဖြစ်စဉ်များ ( ရန်နိုင်ထွန်း )

ကဗျာ သရုပ်ဖေါ် © ကိုသိန်းလှိုင် (လှိုင်းဘွဲ)

သူခိုးပြေးပြီဆိုကာမှ ထိုးကွင်းတွေကိုထမနေနဲ ့တော့

မာန်ရေးတကြွကြွ ဟန်ရေးပြ

ပြည့်အရေးမလှတာ ကြာခဲ့ပါပြီ၊

ကျောချသွားပြီဆိုကာမှ

ဓမြ ဓမြ ဟစ်ကာ မနေပါနဲ ့တော့

ရေတွက်လို ့မရ ခံခဲ့ရ

အံကြိတ်ရတာ များခဲ့ပါပြီ၊

စစ်ပွဲပြီးမှ ဗျူဟာချ

ဖြူပြာကျမှ ပလူပျံထ

ပြောကြ ဆိုကြ ဝေဖန်ကြ

မိုးလွန်ထွန်ချ ဖြစ်ခဲ့ပါပြီ၊

ဒဏ်ရာများလို ့ ထုံနေသလား

ကြံရာမရလို ့ဟုန်နေသလား

နောက်ကျသွားတဲ့ သမိုင်းကြောင်းကြားမှာ

တိုင်းပြည်ကတော့ နုံချာသွားပြီ ။ ။

ရန်နိုင်ထွန်း

( လွတ်မြောက်နယ်မြေ ) ကိုရီးယား

ဖြစ်ပျက်နေသော ဖြစ်စဉ်များ ( ရန်နိုင်ထွန်း ) Reviewed by Aung Maw on 2:22 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.