Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

​တောင်​နှင့်​မြောက်​​ ကို​ရီး​ယား​မိ​သား​စု​များ​ ​ပြန်​လည်​ပေါင်း​ဆုံ​ခွင့်​အ​တွက်​ ​ဆွေး​နွေး​မည်

alt

တောင်​ကို​ရီး​ယား​နှင့်​​ ​မြောက်​ကို​ရီး​ယား​တို့​သည်​​ ​စစ်​အ​တွင်း​ ​ကွဲ​ကွာ​သွား​သည့်​​ ​မိ​သား​စု​များ​ ​ပြန်​လည်​ပေါင်း​ဆုံ​ခွင့်​အ​တွက်​ ဒု​တိ​ယ​အ​ကြိမ်​မြောက်​​ ​ဆွေး​နွေး​သွား​မည်​ဟု​​ ​သိ​ရှိ​ရ​သည်​။​

​တောင်​ကို​ရီး​ယား​​ ​ကြက်​ခြေ​နီ​ ​တပ်​ဖွဲ့​မှ​​ ​တာ​ဝန်​ခံ​များ​သည်​ ​မြောက်​ကို​ရီး​ယား​​ ​မှ​ ​အာ​ဏာ​ပိုင်​များ​နှင့်​​ ​ဆွေး​နွေး​ရ​န်​ ​နယ်​စပ်​မြို့​​ ​ကေ​ဆွန်း​သို့​ ​စက်​တင်​ဘာ​​ ​၂၄​ ​ရက်​နေ့​က​ ​ထွက်​ခွာ​သွား​သည်​။​ ​နှစ်​ဖက်​ကိုယ်​စား​လှယ်​များ​သည်​ ​ပြီး​ခဲ့​သော​ ​သီ​တင်း​ပါတ်​က​ ​တစ်​ကြိမ်​ဆွေး​နွေး​ခဲ့​သော်​လည်း​ ​အ​စီ​အ​စဥ်​ကိ​စ္စ​ ​ညှိ​နှိုင်း​ရာ​တွင်​ ​သ​ဘော​တူ​ညီ​မှု​ ​မ​ရ​ရှိ​ဘဲ​ ​ပျက်​ပြယ်​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​အောက်​တို​ဘာ​ ​၂၁​ ​ရက်​နေ့​မှ​ ​၂၇​ ​ရက်​နေ့​အ​တွင်း​ ​မိ​သား​စု​များ​ ​ပေါင်း​စည်း​ခွင့်​အ​တွက်​ ​တွေ့​ဆုံ​ပေး​နိုင်​ရန်​ ​မူ​အား​ဖြင့်​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​ခဲ့​သည်​။​

​တောင်​ကို​ရီး​ယား​သည်​ ​မိ​သား​စု​ပေါင်း​ ​၁၀၀​ ​မျှ​ကို​ ​ကွမ်​ဂန်း​တောင်​တွင်​ ​ပြန်​လည်​တွေ့​ဆုံ​ပေး​နိုင်​ရန်​ ​မျှော်​လင့်​ထား​သည်​။​ ​တောင်​ကို​ရီး​ယား​ ​နိုင်ငံ​၏​ ​နှစ်​နိုင်ငံ​ ​ပူး​ပေါင်း​ဆောင်​ရွက်​ရေး​ ​ဝန်​ကြီး​ဌာ​န​ ​အ​ရာ​ရှိ​တစ်ဦး​ဖြစ်​သူ​ ​ကင်​အီ​ဒို​က​ ​လက်​ရှိ​အ​ချိန်​တွင်​ ​အ​ပြီး​သတ်​ ​သ​ဘော​တူ​ညီ​မှု​ ​ရ​ရှိ​အောင်​ ​ဆက်​လက်​ဆွေး​နွေး​နေ​ရ​ဆဲ​ဟု​ ​ပြော​ကြား​သွား​သည်​။​ ​ကို​ရီး​ယား​ ​နှစ်​နိုင်ငံ​ ​ဆက်​ဆံ​ရေး​သည်​ ​မတ်​လ​အ​တွင်း​က​ ​တောင်​ကို​ရီး​ယား​ ​စစ်​သ​င်္ဘော​ Cheonan​ ကို​ ​မြော​က်​ကို​ရီး​ယား​ ​ရေငုပ်​သ​င်္ဘော​ ​တစ်စင်း​က​ ​ပစ်​ခတ်​မှု​ကြောင့်​ ​နစ်​မြုပ်​ခဲ့​ပြီး​ ​ရေ​တပ်​သား​ ​၄၆​ ဦး​ ​သေ​ဆုံး​ခဲ့​ရ​သော​ ​ဖြစ်​စဥ်​ကြောင့်​ ​အ​ဆိုး​ရွား​ဆုံး​ ​ဖြစ်​လာ​ခဲ့​သော်​လည်း​ ​တောင်ကို​ရီး​ယား​ ​ကြက်​ခြေ​နီ​ ​အ​ဖွဲ့​က​ ဦး​စီး​ကာ​ ​ကွဲ​ကွာ​နေ​သော​ ​မိ​သား​စု​များ​ ​ပြန်​လည်​တွေ့​ဆုံ​ပေး​ရန်​ ​ကြိုး​စား​ခဲ့​ခြင်း​ဖြစ်​သည်​။

​တောင်​နှင့်​မြောက်​​ ကို​ရီး​ယား​မိ​သား​စု​များ​ ​ပြန်​လည်​ပေါင်း​ဆုံ​ခွင့်​အ​တွက်​ ​ဆွေး​နွေး​မည် Reviewed by Aung Maw on 11:34 PM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.