Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

အာ​ဖ​ဂန်​န​စ္စ​တန်​ရှိ​ NATO​ ​လေ​တပ်​စ​ခန်း​အား​ ​တာ​လီ​ဘန်​တို့​တိုက်​ခိုက်

alt

တာ​လီ​ဘန်​ ​အ​ကြမ်း​ဖက်​သ​မား​များ​၏​ ​ထိုး​စစ်​ဆင်​မှု​ဟု​ ​ယူ​ဆ​ရသည့်​ ​တိုက်​ခိုက်​မှု​များ​ကို​ ​အာ​ဖ​ဂန်​န​စ္စ​တန်​ရှိ​ NATO​တပ်​ဖွဲ့​ ​လေ​တပ်​စခန်း​တစ်​ခု​ ​တွေ့​ကြံု​ခဲ့​ရ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

​ဇွန်​လ(​၂၉)​ရက်​နေ့​က​ ​ပါ​က​စ္စ​တန်​နှင့်​နယ်​စပ်​ ​ဂျာ​လာ​လာ​ဘတ်​အ​နီး​ ​လေ​တပ်​စ​ခန်း​သို့​ ​ဗုံး​တင်​ထား​သော​ ​ကား​တစ်​စင်း​ ​အ​ပါ​အ​၀င်​ RPG​လောင်​ချာ​များ​၊​ ​ရိုင်​ဖယ်​သေ​နတ်​များ​ဖြင့်​ ​တိုက်​ခိုက်​ခဲ့​သည့်​ ​လက်​နက်​ကိုင်​ ​အ​ချို့​ကို​ NATO​စစ်​တပ်​က​ ​ရှင်း​လင်း​သုတ်​သင်​နိုင်​ခဲ့​ကြောင်း​ ​ကြေ​ညာ​သွား​သည်​။​ NATO​​ တပ်​ဖွဲ့​ဖက်​မှ​ ​ထိ​ခိုက်​ကျ​ဆုံး​မှု​ ​မ​ရှိ​ဟု​ဆို​သည်​။​ ​အာ​ဖ​ဂန်​ဆိုင်​ရာ​ ​အ​မေ​ရိ​ကန်​ ​ဗိုလ်​ချုပ်​ကြီး​ ​ဒေး​ဗစ်​ပီ​ထ​ရူ​ရက်​က​ ​အာ​ဖ​ဂန်​တွင်​ ​ပို​မို​ပြင်း​ထန်​သော​ ​တုန့်​ပြန်​တိုက်​ခိုက်​မှု​များ​ ​ကြံု​ရ​နိုင်​ကြောင်း​ ​သ​တိ​ပေး​ပြီး​ ​နောက်​တစ်​နေ့​တွင်​ပင်​ ​ယ​ခု​တိုက်​ခိုက်​မှု​များ​ ​တွေ့​ကြံု​ခဲ့​ရ​ခြင်း​ဖြစ်​သည်​။​ လက်​နက်​ကိုင်​များ​သည်​ စစ်​ဖက်​သုံး​လေ​ဆိပ်​အား​ ​ဘက်​ပေါင်း​စုံ​မှ​ ​ချဥ်း​ကပ်​လာ​ကာ​ ​ထို​နေ့​နံနက်​ပိုင်း​က​ ​ဝန်း​ရံ​တိုက်​ခိုက်​ခဲ့​ခြင်း​ဖြစ်​ပြီး​ ​လေ​ယာဥ်​ကွင်း​၏​ ခံ​စစ်​စည်း​ရိုး​ကို​မူ​ ​မ​ကျော်​လွှား​နိုင်​ခဲ့​ကြောင်း​ NATO​အ​ရာ​ရှိ​ ​တစ်ဦး​က​ဆို​သည်​။​

တာ​လီ​ဘန်​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ ​ဇာ​ဘူ​လာ​ ​မူ​ဂျာ​ဟစ်​က​ ​ယ​ခု​တိုက်​ခိုက်​မှု​တွင်​ ​အ​သေ​ခံ​ ​ဗုံး​သ​မား​ (​၆)ဦး​လည်း​ ​ဝင်​ရောက်​ဆင်​နွှဲ​ခဲ့​ကြောင်း​ ​က​ဘူး​မြို့​ ​အ​ခြေ​စိုက်​ BBC​သ​တင်း​ဌာ​န​ခွဲ​သို့​ ​ဆက်​သွယ်​ပြော​ကြား​ခဲ့​သည်​။​ ​ဇွန်​လ​အ​တွင်း​ ​အာ​ဖ​ဂန်​တွင်​ ​သေ​ဆုံး​သော​ NATO​စစ်​သည်​ ​အ​ရေ​အ​တွက်​မှာ​ (​၁၀၀)​မျှ​ထိ​ ​ရှိ​ခဲ့​ရာ​ (​၂၀၀၁)​ခု​နှစ်​က​တည်း​က​ ​အ​မေ​ရိ​ကန်​ ဦး​ဆောင်​သော​ NATO​ ​မ​ဟာ​မိတ်​များ​ ​အာ​ဖ​ဂန်​ထိုး​စစ်​ ​ဆင်​နွှဲ​ခဲ့​သည့်​ ​ကာ​လ​တ​လျှောက်​ ​အ​သေ​အ​ပျောက်​ ​အ​များ​ဆုံး​လအ​ဖြစ်​ ​မှတ်​တမ်း​ဝင်​ခဲ့​သည်​။

အာ​ဖ​ဂန်​န​စ္စ​တန်​ရှိ​ NATO​ ​လေ​တပ်​စ​ခန်း​အား​ ​တာ​လီ​ဘန်​တို့​တိုက်​ခိုက် Reviewed by Aung Maw on 1:36 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.