Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

ဒေါင်းဒင်္ဂါး ( မောင်ရောင်ဏီသစ် )

ဒေါင်းဒင်္ဂါး

ကျုုပ်တို့ကို

ခေတ်ပုပ်ပုပ်တွေထဲ

ဘယ်သူတွေက

ဇွတ်အတင်း

သွတ်သွင်းခဲ့တာလည်း။



ကျုပ်တို့ နှလုံးသားပေါ်

ခြေရာတွေ

ဘယ်သူတွေက

ချန်ထားခဲ့တာလည်း။



ဒါဏ်ရာအထပ်ထပ်

လောကဇာတ်ခုံ အတုပေါ်

မျက်ရည်

ဘဝတွေ

အငွေ့ပျံ။



ပဲ့တင်သံ မြစ်ဖျားဟာ

နွေ(၃၀) ခြားသွားပေမဲ့

ဘယ်တော့မှ တိမ်ကောမသွားဘဲ

ရာဇဝင် နှလုံးသားထက်က

သေရာပါမည့်

ခြေရာတွေပေါ့။



ကျုပ်တို့ရဲ့ အချိန်တွေကို

ခိုးစားသွားတဲ့

မိစ္ဆာတို့ရေ---------။



ဖိနှိပ်ခြင်း ဥပဒေတွေ

ထောင် ငရဲခန်းတွေ

လူသတ် လက်နက်တွေနဲ့

အခါခါ မခြောက်ကြပါနဲ့

သွေးအိုင်ထဲကနေ

ကြိုးစင် တက်ရဲတဲ့

နူးညံ့တဲ့ သံမဏိနှလုံသား

ကျုပ်တို့မှာ ရှိတယ်။

ခန္ဓာကိုယ်က

သွေးကြောတွေ ပါးပျဉ်းထ

မိုးကောင်းကင်ပြိုကျလို့

နောဧရဲ့ သင်္ဘောပေါ်မှာ

“အရိမေတ္တယျ ဘုရားအလောင်းလျှာ”ကို

ဖွားမြင်တဲ့အခါ

ကမ္ဘာမြေဟာ

ဖြူစင်တဲ့

သူ့ ရင်သွေးအတွက်

ငိုကြွေး ရလိမ့်မယ်။

( မောင်ရောင်ဏီသစ် )

ဒေါင်းဒင်္ဂါး ( မောင်ရောင်ဏီသစ် ) Reviewed by Aung Maw on 8:36 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.