Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

စောလုံရဲ့ ကျိန်စာ ( စစ်ငြိမ်းဒီရေ )

လူထုအောင်သံ ပြဇာတ်စာအုပ်အဖုံး

နေ’လည်း ကြတ်


လ’လည်း ကြတ်


သကြင်္န်’လည်း ကြတ်။


ငွေစက္ကူတွေလည်း ကြပ်


ဘတ်စ်ကားတွေလည်း ကြပ်


ဘဝတွေလည်း ကြပ်။


ရေသဘင်ပွဲမှာ ရှင်ဘုရင်သတ်လို့ သေတာ


မင်းတယောက်တည်း မဟုတ်ဘူး


စောလုံ …


မယ်သုမန’ ကျောမှာ


ဒဏ်ရာတွေနဲ့ ပါလားလို့


မေးမဲ့လူ မရှိတဲ့ ဒီနှစ်ကူးမှာတော့


အခါတော်ရေလဲ ဈေးကွက်တွေပျက် …။


ပန်းပွတ်သည်ရဲ့မြေး တရုတ်ပြေးက


ဖိုထိုးကြပ်တင် သုံးကြိမ် သုံးခါနဲ့


ဒီပွဲတော်ကို ကန့်လန့်ကာ ဖွင့်ခဲ့


ဝိဋူဋူပ ပြန်ဝင်စားတဲ့ တရုတ်ချစ်က


ရက်စက်သောဗုံး သုံးကြိမ် သုံးခါနဲ့


ကန်တော်မဟာကို အရောင်ပြောင်းခဲ့…။


“ငရဲပြည်ရောက် ဦးရူမောင် ခင်ဗျာ …။


ခင်ဗျားရဲ့ မိစ္ဆာလက်သစ်တွေကြောင့်


ငယ်ချစ်နဲ့ ရွှေလက်တွဲဖို့


တည်ဆောက်ခဲ့သော ကရဝိတ်ကြီးမှာ


ကျိန်စာများ မပျောက်ပျက်သေး”


မာရ်နတ်ရဲ့


သွေးဆာနေသော သက္ကရာဇ်များထဲ


သုမုန္ဒြီနဲ့ ပုပ္ပါးစောရဟန်းတို့


အိုးမဲတွေ ပြိုင်သုတ်နေကြတုန်း …။


စပါတာကတ် တယောက်


၃၅ လမ်းပေါ် မူးပြီး ရစ်နေဆဲ …။


စကြင်္ာမင်းကို ရေချပေးမယ့်


အလီကိုဟင် ဆီးရီးယားမှ ပြန်ရောက်မလာ …တာ။


ဒီမယ် စောလုံ


ကွမ်းကလပ် အပဲ့နဲ့ ကွမ်းစားပြတဲ့


ရာဇသကြင်္န်ကို ပြောလိုက်စမ်းပါ


အုတ်လှငယ်ရဲ့ ဗျတ္တိဟာ


ကျေးဇူးမေ့တတ်သူ အတွက်လား


ငါတို့ အတွက်လား ..… ။ ။


စစ်ငြိမ်းဒီရေ

ကဗျာထဲမှ အသုံးအနှုန်း အချို့

  • စောလုံ* = ပုဂံခေတ်၊ ပထမဆုံး သကြင်္န်ပွဲတော်တွင် အသတ်ခံရသော နရသီဟပတေ့ မင်း၏ မိဖုရား။
  • မယ်သုမန* = ငါးရာငါးဆယ် နိပါတ်တော်မှ မယ်သုမန။
  • ပန်းပွတ်သည်ရဲ့မြေး တရုတ်ပြေး* = ပုဂံခေတ် နောက်ဆုံး ဘုရင်ဖြစ်သည့် နရသီဟပတေ့မင်း (၆၁၆ -၆၄၉)။
  • ၀ိဋူဋူပ* = ဂေါတမဗုဒ္ဓ ဘုရားရှင်၏ အမျိုးအနွယ်ဖြစ်သော သာကီဝင် အပေါင်းတို့ရဲ့ လည်ချောင်းသွေးကို ခြေဖြင့် ဆေးသူ (ငါးရာငါးဆယ် နိပါတ်တော်)။
  • ဦးရူမောင်* = မ.ဆ.လ ခေတ် (၁၉၆၂ -၁၉၈၈) တွင် မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့သော ဦးနေဝင်း၏ ငယ်အမည်။
  • ကျိန်စာများ* = ရန်ကုန် ကန်တော်ကြီး ကရဝိတ်ဖောင်ပေါ်တွင် ဦးနေဝင်းနဲ့ ဒေါ်ရတနာနတ်မယ် မင်္ဂလာဆောင်ပြီးသည့် နောက်ပိုင်း ကွဲတတ်သည်ဟု ရန်ကုန်မြို့နေ လူထု၏ ယုံကြည်မှု။
  • သုမုန္ဒြီ* = မြန်မာ သက္ကရာဇ်ကို ဖြိုချပြီး အစမှ ပြန်ရေတွက်သော သရေခေတ္တရာခေတ် သုမုန္ဒြီမင်း။
  • ပုပ္ပါးစောရဟန်း*= မြန်မာသက္ကရာဇ်ကို ဖြိုချပြီး အစမှ ပြန်ရေတွက်သော ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း။
  • စပါတာကတ်* = ရောမခေတ် “ကျွန်” လွတ်မြောက်ရေး ခေါင်းဆောင်။
  • စကြင်္ာမင်း* = ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း၏ အချစ်ဆုံး မြေးဖြစ်သူ စကြင်္ာမင်းသား၊ နောင်တွင် ရေထဲနစ်ပြီး အသတ်ခံရသူ။
  • အလီကိုဟင်* = အစ္စရေးနိုင်ငံ၊ မော့ဆက် ထောက်လှမ်းအဖွဲ့၏ သူလျှိုအဖြစ် ဆီးရီးယားနိုင်ငံ၌ သေဒဏ်ပေးခံရသည့် သူရဲကောင်း။
  • ရာဇသကြင်္ ံန်* = ပုဂံခေတ်တွင် အကိုဖြစ်သူ သီဟသူ ဘုရင်အား နန်းချပြီး ညီဖြစ်သူ နရသီဟပတေ့ မင်းအား နန်းတင်ပေးခဲ့သည့် အမတ်ကြီး။
  • အုတ်လှငယ်* = ရာဇသကြင်္န် အမတ်ကြီး၏ ဒုတိယသားတော်၊ အရှင်သခင်အတွက် “ဦးဆွေးဆံမြည့်” တာဝန်ထမ်းရွက်သူ
စောလုံရဲ့ ကျိန်စာ ( စစ်ငြိမ်းဒီရေ ) Reviewed by Aung Maw on 1:06 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.