Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

အချိန်က ပေးလာခဲ့တဲ့ တရား (ဆောင်းယွန်းလ)

အချိန်က ပေးလာခဲ့တဲ့ တရား

လေလို လွင့်ခဲ့ဖူးသလို

မြေလိုလည်း ကျင့်ခဲ့ဖူးတယ်….။

တဘဝလုံးကို ခင်းပြီး

ရင်းနှီးမှုရေးရာ စာမျက်နှာ တရွက်ချင်းစီကို

ချွေးထွက်အောင် လှန်လှောခဲ့ဖူးပါရဲ့....။

ဒီလိုနဲ့ပဲ.. အရာရာ အားလုံးကို

နည်းနည်းနဲ့ကျဲကျဲ ဝိုင်းတတ်လာခဲ့ရပေါ့…။

စိတ်ဆိုတဲ့အမျိုး

ပုံစံခွက်ထဲမှာ ဘယ်လောက်ကြာကြာများ

ဆေးဆိုးခံနိုင်မှာမို့လဲလေ...။

အကြောင်းကြောင်းကြောင့်

လွန်ဆွဲခဲ့ရတာတွေ ရှိခဲ့သလို

စွန်လို ဝဲခဲ့ဖူးတာတွေလည်း ရှိခဲ့ပါတယ်…။

လောကသားတွေ ရင်ခုန်တဲ့

၃၁ဘုံမှာ ဟိုလိုလို ဒီလိုလိုပါပဲလေ....။

လူ့ဘုံ ရုံခါချိန်အထိ ကပ်တွယ်နေမိဦးမှာ ကတော့

အတ္တ လက်ကျန်လို့ပဲ အမည် တပ်ရမလား မသိဘူး...။

ခုချိန်ထိတော့..

မိုးထဲ လေထဲ

သက္ကရာဇ်တွေကို ခိုရင်းတွဲရင်း

လက်ကျန် အချိန်တွေနဲ့ စစ်မက်ခင်းနေမိပေါ့…။ ။

(ဆောင်းယွန်းလ)

အချိန်က ပေးလာခဲ့တဲ့ တရား (ဆောင်းယွန်းလ) Reviewed by Aung Maw on 5:41 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.