Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

ကျနော်တို့မြို ့က ပုတ်သင်များ နဲ ့ ကျနော်တို့ သွေးစက်များ

alt

အဲဒီတုန်းက

ပြည်သူတွေဟာ

ဒီလှိုင်းတွေ မုန်တိုင်းတွေပေါ့။

ပြည်ချစ် နာဂစ် နဲ ့ ဆူနာမီ တွေကြား

အာဏာရှင် အဆက်ဆက်

ဘဝတွေ ပျက်မျောပါခဲ့ရတယ်။

အဲဒီတုန်းက

ဘယ်လောက်ပဲ သာခဲ့ သာခဲ့

ဘယ်လောက်ပဲ နာခဲ့ နာခဲ့။

ရည်မှန်းချက် တဆုံး

ဘဝတွေကို ပစ်လွှတ် လိုက်သူတွေဟာ

ပေးဆပ်ခြင်းနဲ ့စာချုပ်တွေ ချုပ်ခဲ့တယ်လို ့များ

ထင်နေကြရော့ သလား။

အဲဒီတုန်းက

အဲဒီ အချိန်တွေသာ ကြာကြာ လာခဲ့ရ၊

သူခိုး ဓါးရိုး ကမ်းသူတွေက

အပစ်တွေ ရပ်ခဲ့ကြပေမဲ့

အပြစ်တွေကို မရပ်နိုင်ကြတော့။

မြေပုံကို သေပုံမှန်း မသိ

မြေပုံလေးပြ ခွဲတမ်း ချလိုက်တာနဲ ့

မရဏာသိုက်နောက် တကောက်ကောက် လိုက်ခဲ့ကြတော့။

သစ်တပင်ကောင်းရင် ဆိုတဲ့

စကားပုံလေး ရွတ်ရွတ်ပြီး

ညောင်နှစ်ပင် အခေါင်းထဲ တိုးတိုးဝင်နေ ကြတော့။

၂ဝဝ၈ နဲ ့၂ဝ၁ဝ လုပ်ကြံ ဇာတ်မှာ

ဝေလေလေပဲ အော်ရ အော်ရ

ငါပါရပြီးရော ဖြစ်နေကြတော့။

အဲဒီတုန်းက အဲဒီ အချိန်တွေဟာ ကြာပြီးရင်း ကြာပေါ့၊

အဲဒီတုန်းက

အဲဒီ အချိန်တွေ အတွက်

၈၈မှ ခေတ် အဆက်ဆက်။

မျိုးဆက်တွေကို လောင်းကြေးထပ်ခဲ့ရာ

ဒါဟာ ငါတို ့ရဲ ့သွေးစက်တွေ

ဒါဟာ ငါတို ့ရဲ ့သွေးစက်တွေ၊

မြတ်သစ် (Dawn)

ကျနော်တို့မြို ့က ပုတ်သင်များ နဲ ့ ကျနော်တို့ သွေးစက်များ Reviewed by Aung Maw on 10:29 AM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.