Top Ad unit 728 × 90

[ဒေ​သ​တွင်း][slider][#fc0000]

သို ့ အမေ [ မြတ်သစ် (Dawn) ]

alt

နို ့တခွက်လောက်တောင်
ဝယ်တိုက်ခွင့် မရတော့တဲ့ ဘဝမှာ
တခါတလေ အမေ့ကို လွမ်းရင်
ထူးအိမ်သင်ကို ငှားငှား ဆိုတယ်၊

တခါတလေ အမေ့ကို လွမ်းရင်
အမေ့ ကဗျာတွေကို ငှားငှား ရေးတယ်၊

တခါတလေ အမေ့ကို လွမ်းရင်
အမေ အရွယ်တွေကို ငှားငှား ခေါ်တယ်၊

တခါတလေ အမေ့ကို လွမ်းရင်
သား အရွယ်တွေကို ငှားငှား ချီတယ်၊

တခါတလေ အမေ့ကို လွမ်းရင်
မြန်မာပြည်မြေပုံကို ငှားငှား ရှိခိုးတယ်၊

တခါတလေ အမေ့ကို လွမ်းရင်
ညစ်ညမ်း စကားလုံးတွေကို ငှားငှားပြီး
ဟို အကောင်တွေကို ဆဲတယ်။

မြတ်သစ် (Dawn)

သို ့ အမေ [ မြတ်သစ် (Dawn) ] Reviewed by Aung Maw on 11:57 PM Rating: 5

No comments:

Contact Form

Name

Email *

Message *

Powered by Blogger.